ဓနုဖြူမြို့နယ်ရှိ ကျေးရွာ (၆၃)အုပ်စုသို့ မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား မဲဆန္ဒနယ်မြေ အလိုက် ကွင်းဆင်းစစ်ဆေး

ဓနုဖြူ   ၂၉   ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စု(၃၆)စုအတွင်းရှိ မဲဆန္ဒ နယ်မြေ အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ အမည်စာရင်းများ ကပ်ထား ကြေညာခြင်း အခြေအနေများကို ဇူလိုင် ၂၉ ရက် နံနက် ၈ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိမ်းမင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ၁၄ ရက်ကြာ ကြေညာထားရှိမည် ဖြစ်ရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအခြေအနေ၊ မဲစာရင်းလာရောက်ကြည့်ရှုရန် လိုက်လံ နှိုးဆော်ပေးသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့်အညီ ဆောင်ရွက် ထားရှိရမည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့် ကဏ္ဍများကို လမ်းညွှန်မှာကြားခဲ့သိရသည်။ ဓနုဖြူမြို့နယ်အတွင်းရှိ တိုက်နယ် (၈)ခုတွင် မဲရုံစုစုပေါင်း (၁၆၄)ရုံရှိပြီး မဲဆန္ဒရှင် (၁၄၃၇၃၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

 

မြို့နယ် ပြန်/ဆက်