ဓမ္မာစရိယစာမေးပွဲ နဝမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ကျင်းပ

နေပြည်တော် ၁၇ ဇူလိုင် 


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှ ၄ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၇ ဌာနတို့၌(နဝမနေ့)အဖြစ်လည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲကို မွန်းတည့် ၁၂ နာရီ မှ မွန်းလွဲ ၃နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ (တတိယနေ့)အဖြစ်လည်းကောင်း ဖြေဆိုကြသည်။


ဓမ္မာစရိယ စာမေးပွဲ နဝမနေ့ စာရင်းသွင်းသံဃာနှင့်သီလရှင် စုစုပေါင်း ၃၈၄ ပါးအနက် ၂၁၀ ဖြေဆိုကြသဖြင့် ၅၄ ဒသမ ၆၉ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ(ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) တတိယနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၅၅၁၃၆ ပါး အနက် ၃၉၃၇၃ ပါး ဖြေဆိုကြပြီး ၇၁ ဒသမ ၄၁ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ 


သတင်းစဉ်