ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်တွင် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေ

ဒဂုံမြောက်   ဇူလိုင်    ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းပိုင်းခရိုင်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

အဆိုပါ အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအစီအစဉ်ဖြင့် မြို့နယ်အလိုက် ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရေးအတွက် ဒဂုံမြိုသစ်(မြောက်ပိုင်း) မြို့နယ် အတွက်ခွဲဝေရရှိသည့် အောက်ဆီဂျင်အိုးများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် အောက်ဆီဂျင် လိုအပ်လျက်ရှိသူများကို အဓိကထား ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် မြို့နယ်အလိုက် ဖြန့်ဝေဆောင်ရွက်ပေးသည့် အောက်ဆီဂျင်အိုးများကို ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်အတွင်းတွင် ဇူလိုင် ၂၈ ရက်မှ စတင်၍ (၄၀)လီတာအိုး အလုံး(၄၀)မှ အောက်ဆီဂျင်များကို အိုးအသေးများဖြင့် ပြန်လည်ဖြည့်ဆည်းကာ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း ကိုဗစ်လူနာများနှင့် အရေးပေါ်လူနာများ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အလှည့်ကျ တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)