ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်  ၂၈  ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဇော်ဟိန်း၊ မြို့နယ်ကော်မရှင်ဦးစီးအရာရှိ ဦးနန္ဒအောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ပြန်/ဆက်ဦးစီးမှူး ဒေါ်လဲ့လဲ့အေးတို့သည် ဇူလိုင် ၂၇ ရက်က ကျေးရွာ(၄)ရွာ နှင့် အမှတ်(၈၉)ရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်းများကပ်ထားမှု စနစ်တကျ ရှိ/မရှိ၊ ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်စေရေး မဲဆန္ဒရှင်စာရင်းများလုံခြုံမှုရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးကြသည်။

 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက်(၁၆)ခုနှင့် ကျေးရွာ(၄)ရွာရှိပြီး မဲရုံပေါင်း (၁၀၉)ရုံ လျာထား ကာ မဲပေးနိုင်သူ လူဦးရေ(၁၅၀၀၀၀)ကျော်ရှိကြောင်း သိရသည်။

 

ကိုကြီးစိုး(ဆိပ်ကမ်း)