ရန်ကုန် ၁၅  မေ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက် ၊ မင်းရဲကျော်စွာ လမ်းဘေးတွင် (Fever Clinic)ဆေးခန်းကို ဖွင့်လှစ်ထားရှိပြီး နေ့စဉ် နံနက်(၈)နာရီမှ နံနက်(၁၀)နာရီထိ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

အဆိုပါ (Fever Clinic)ဆေးခန်းကို ဧပြီလ(၂၀)ရက်နေ့က စတင်ဖွင့်လှစ်ထားရှိပြီးဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အထွေထွေရောဂါကု ဆရာဝန်များ ပါဝင်ပြီး( Fever Clinic)ဖြစ်မြောက်ရေး ကော်မတီ ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်တုန့်ပြန်ရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊  ပရဟိတလူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဖွင့်လှစ်ထားပြီး မေလ (၁၃)ရက်နေ့ထိ ဖျားနာလူနာ (၂၀ဝ)ကျော်ခန့်  ကုသမှုပေးခဲ့ကြောင်း သိရသည်။

 

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)