ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ  ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်ရေး အတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

ကျောက်ပန်းတောင်း   ၅  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေး ကြီးကြပ်မှုကော်မတီသို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးလုပန်းငန်းများ ဆောင်ရွက် နိုင်စေရန်အတွက်၊ ဧပြီ(၅)ရက်နေ့ နံနက်(၁၀)နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊တစ်သီးပုဂ္ဂလ အလှူငွေများကိုလည်းကောင်း၊ မြို့နယ်အထွထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်း တာဝန်ခံ ကိုမင်းဆန်းနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ ဦးမျိုးဆွေဦးတို့နှင့်အတူ၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ လှူဒါန်းသော Surgical Grown ဝတ်စုံပြည့် အစုံ(၂၀)၊ နှာခေါင်းစည်း(Mask) ခုရေ (၂၀ဝ)၊ ရေမလိုလက်သန့် ဆေးရည်(၅၀ဝ)မီလီ (၁၅)ဗူး၊ ရေမလိုလက်သန့် ဆေးရည်(၄ လီတာ) ဘူး (၃၀)၊ လက်ဆေးဆပ်ပြာရည် (၅၀ဝမီလီ)(၅)ဘူး၊ လက်ဆေးဆပ်ပြာရည်( ၂လီတာ) (၂)ပုံး၊ အရက်ပျံ (၅၀ဝမီလီ) (၁၀)ဘူးနှင့်ပညာပေးဗီနိုင်း(၅)ခုတို့ကို၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်ကြီးကြပ်မှု ကော်မတီအဖွဲ့ထံ လာရောက်လှူဒါန်းရာ၊ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

အလားတူ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက် ငွေစုချေးသမဝါယမ အသင်းစုမှ ငွေကျပ်(၃) သိန်းကျပ်၊ ဦးပေါက် (ညောင်ဦးမြို့)မှ ငွေကျပ်(၂)သိန်းကျပ်၊ ဦးတင်ဝင်း (စံပြရပ်ကွက်)မှ ငွေကျပ် (၃)သောင်းကျပ်နှင့် ကိုဗစ်-၁၉ Volunteer (ကျောက်ပန်းတောင်း)မှ လက်သန့်ဆေးရည် ဘူးများ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)