ဒေးဒရဲမြို့နယ် ရေကန်ချောင်ကျေးရွာတွင် မေတ္တာပေါင်းကူးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒေးဒရဲ ၁၀ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေ:ဒရဲမြို့နယ်၊ ရေကန်ချောင်ကျေးရွာအုပ်စုတွင် မေတ္တာပေါင်းကူး တံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ရေကန်ချောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးသန်းလွင်၊ ဦးခင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အလျား (၁၇၇)ပေ၊ အနံ (၁၂)ပေရှိ သံကူကွန်ကရစ် အမျိုးအစား မေတ္တာပေါင်းကူးတံတားအား ရေကန်ချောင်ကျေးရွာအုပ်စု၊ ရေကန်ချောင်ကျေးရွာတွင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေနှင့် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)