ဒေးဒရဲမြို့၌ အိမ်ထောင်စု ၃၀ဝကို အခြေခံစားသောက်ကုန်များ ထောက်ပံ့

ဒေးဒရဲ  ၁၀  ဧပြီ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ လပ်ကီး-၇ စားသောက်ဆိုင်မိသားစုမှ အမှတ်(၁)နှင့် အမှတ်(၃)ရပ်ကွက်များရှိ အိမ်ထောင်စု(၃၀ဝ)အား ယမန်နေ့ နံနက်ပိုင်းတွင် ဆန်၊ ဆီ၊ ကြက်သွန်နှင့် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

“သင်္ကြန်ကာလတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဥပုသ်သီလ ဆောက်တည်နိုင်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်နိုင်ရန်နှင့် စားသောက်ရေး ကိစ္စရပ်များတွင် အခက်အခဲ မရှိစေရေး အတွက် အမှတ်(၁)နှင့် အမှတ်(၃)ရပ်ကွက်များရှိ အိမ်ထောင်စု (၃၀ဝ)တို့အား တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၁)ဘူး၊ ကြက်သွန်နီ(၅၀)သားနှင့် ဆပ်ပြာ(၁)ဗူးစီတို့အား တက်နိုင်တဲ့ဘက်က ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း အမှတ်(၁)ရပ်ကွက်ရှိ အလှူရှင် ဦးအောင်ဇော်ဦး(လပ်ကီး-၇ စားသောက်ဆိုင်) မိသားစုက ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)