စတုတ္တအကြိမ်မြောက် မြန်မာနိုင်ငံ၏နိုင်ငံတကာခရီးသွားပြပွဲကျင်းပ

ရန်ကုန် ၄ သြဂုတ်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ပံ့ပိုး ကူညီမှုဖြင့်မြန်မာနိ်ုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA)မှ ကြီးမှူး ကျင်းပသော စတုတ္တအကြိမ်မြောက်မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားပြပွဲကို သြဂုတ်(၃ )ရက်နံနက်(၉)နာရီက ရန်ကုန်မြို့ Melia Hotel တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

 

 အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီး သွားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းတို့မှတာဝန်ရှိသူတို့ကအသီးသီးအမှာစကားများပြောကြားကြသည်။ထို့နောက်တက်ရောက်လာသောရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီး သွားအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းတို့ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး မြန်မာနိုင်ငံ၏ နိုင်ငံ တကာခရီးသွား ပြပွဲတွင်ခင်းကျင်းပြသထားသောပြခန်းပေါင်း(၈၀)ခန့်ကိုလှည့်လည်ကြည့်ရှုကြသည်။

 

(ခရီးသွားလုပ်ငန်းကိုအရှိန်အဟုတ်မြှင့်တင်)

 

အဆိုပါပြပွဲတွင် Outbound လိုင်စင်ရခရီးသွား ကုမ္မဏီများ၊ ပြည်တွင်းပြည်ပလေကြောင်းလိုင်းများ၊ ဟိုတည်များ၊ပြည် ပဆေးရုံများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်ကုမ္မဏီများ၊ဘဏ်များ၊ Telecom မျာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူတို့က အမှာစကားများ အသီးသီးပြောကြားပြီး အခမ်းအနား တွင်ပြခန်း ပေါင်း(၈၀) ခန့်ဖြင့်ပြသ ခဲ့ကြောင်းသိရသည်။

 

 စတုတ္တအကြိမ်မြောက် မြန်မာနိုင်ငံ၏ နိုင်ငံတက ာခရီးသွားပြပွဲကြီးတွင် ပြည်ပနိုင်ငံများသို့သွားရောက်ပါက ခရီးသွားပြည်သူတို့အနေဖြင့် Outbound  လိုင်စင်ရခရီးသွားကုမ္ပဏီများဖြင့်ဆက်သွယ်ပြီး နိုင်ငံတကာခရီးစဉ်များကို အလည် အပတ်သွားရောက် လိုသူများ၊အပန်းဖြေခရီးသွားရောက်လိုသူများ၊ပြည်ပနိုင်ငံရှိ ကျောင်းများတွင်သွားရောက် သင်ကြားလို သူများ။ဆေးကုသလိုသူများ၊ရှောပင်းထွက်လိုသူများအနေဖြင့် ယုံကြည့်စိတ်ချရသော ခရီးသွားကုမ္ပဏီများတွင် ဈေးနှုန်း သက်သာစွာဖြင့်တိုက်ရိုက်ဆက်သွယ် ဝယ်ယူနိုင်၍ကြိုဆိုလျက်ရှိကြောင်းလည်းသိရသည်။

 

(နိုင်ငံတကာခရီးစဉ်)

 

ဥရောပနှင့်အမေရိကန်နိုင်ငံများ၊အာရှနိုင်ငံများသို့ မိသားစုအလည်အပတ်နှင့်အပန်းဖြေခရီးစဉ်များ ၊ဇနီးမောင်နှံ ဟန်းနီး မွန်းခရီးများနှင့်ကုမ္မဏီများ၏ခရီး စဉ်တို့ကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပြည့်ဝစွာရရှိစေရန် စတုတ္တအကြိမ် မြောက် မြန်မာနိုင်ငံ၏ နိ်ုင်ငံတကာခရီးသွားပြပွဲကြီးတွင်ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

 

(ပြည်တွင်းခရီးစဉ်များ)

 

 ပြည်ပခရီးစဉ်များသာမက ပြည်တွင်းခရီးစဉ်များတွင်လည်း မိသားစုလိုက်ဖြစ်စေ၊မိတ်ဆွေအပေါင်းအသင်များနှင့် ဖြစ်စေ၊ ကုမ္မဏီများ၊အသင်းအဖွဲ့များ အနေနှင့်ဖြစ်စေ နေ့ချင်းပြန်ခရီးမှစ၍ (၄)ညအိပ်၊(၅) ရက်ခရီးစဉ်များတွင်လည်း ကျသင့်သော ငွေ၏ကနဦး( ၃၀)ရာခိုင်နှုန်းကို ပေးချေကာ (၆)လအရစ်ကျစနစ်ပေါ်တွင်တွက်ချက်ကာ လစဉ်အရစ်ကျပေးငွေပေးချေ သောစနစ်ဖြင့် ပြည်တွင်းခရီးသွားကဏ္ဍကိုလည်း အရှိန်အဟုန်မြှင့်တင်လျက်ရှိကြောင်းယနေ့ကျင်းပသော နိုင်ငံတကာခရီးသွားပြပွဲကြီးမှသိရသည်။

 

အဆိုပါ စတုတ္တအကြိမ်မြောက်မြန်မာနိုင်ငံခရီးသွားပြပွဲကို နံက်(၉)နာရီမှညနေ(၆)နာရီထိသြဂုတ်(၅)ရက်နေ့တွင်လည်း ပြခန်းများကိုဆက်လက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက် 
ဓာတ်ပုံ - သန်းစိုး