စတုတ္ထအကြိမ် မြန်မာစွန့်ဦးတီထွင်ပွဲတော် တောင်ကြီးတက္ကသိုလ်၌ ကျင်းပ

တောင်ကြီး   ၅  အောက်တိုဘာ

 

ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ် မြန်မာစွန့်ဦး တီထွင်ပွဲတော်ကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်တောင်ကြီး တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမအရှေ့တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ရုက္ခဗေဒဌာနမှူး(ပါမောက္ခ) ဒေါက်တာအေးအေးဝင်းကြည်၊ MYEA ဥက္ကဋ္ဌ ဦးအောင်သူရ၊ ရှမ်းပြည်နယ်လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဌေး၊ KBZ bank အမှုဆောင် ဦးခင်အောင်တို့က စတုတ္ထအကြိမ် မြန်မာစွန့်ဦးတီထွင် ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံနှင့် ဧည့်သည်တော်များ က ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ က အဖွင့် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဌေး၊MYEA ဥက္ကဋ္ဌ ဦးအောင်သူရတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး၊ ဧည့်သည်တော်၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

 

စီးပွားရေးလုပ်ငန်းရှင်များ ဆိုင်ခန်းပေါင်း(၇၀)ခန်း၊ ညပိုင်းတွင် နိုင်ငံကျော်အဆိုတော်များနှင့်အတူ တိုင်းရင်းသား ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည့်ဖြစ်ကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)