စရံအိုင့်ကျေးရွာရှိ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

နတ်မောက်၊  ၁၈ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စရံအိုင့်ကျေးရွာရှိ ကုန်ထုတ်လမ်းဖောက်နေမှုအား ဒီဇင်ဘာ ၁၇ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြသည်။

 

အဆိုပါ ကုန်ထုတ်လမ်းအား နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေကျပ် ၂၃ သန်းအသုံးပြုကာ အရှည်  ၅၂၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ကျောက်ရောမြေ ၁ ပေထုနှင့် မြေနီကျောက်စရစ် ၉ လက်မထု ဖြန့်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

အဆိုပါ ကုန်ထုတ်လမ်းအား ဒီဇင်ဘာ ပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးပါက ကျေးရွာရှိ စိုက်ပျိုးဧက ၆၀ဝ ကျော်မှ ထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။

 

သော်ဇင်အောင်(နတ်မောက်ကျေးလက်)