စပိန်နိုင်ငံတွင် အသက် ၉၆ နှစ် အရွယ် အမျိုးသမီးကြီးကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

မက်ဒရစ်   ၂၈  ဒီဇင်ဘာ

စပိန်နိုင်ငံအလယ်ပိုင်း သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာရှိ အသက် ၉၆ နှစ်အရွယ် အမျိုးသမီးကြီးကို ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးပေးခဲ့ကြောင်း သိရသည်။

အေရီဆယ်လီ ရိုဆာရီယိုဟီဒါကို ဆန်ချက်ဇ်က ၎င်းကိုကာကွယ်ဆေး ထိုးပေးနေစဉ် မည်သည့်ခံစားမှုမျှ မခံစားရကြောင်း ဖြေကြားခဲ့သည်။ ဂွါဒလာဟာရာမြို့ရှိ လော့စ်အိုမို့စ်ဂေဟာမှာ ဖိုင်ဇာကာကွယ်ဆေး ထားရှိသိုလှောင်ရာနေရာနှင့် အနီးစပ်ဆုံးဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးနှံပေးရေး လှုပ်ရှားမှုကို အဆိုပါဂေဟာမှ စတင်လိုက်ခြင်းဖြစ်သည်။

လမ်းဖွင့်ပေး ယင်းဂေဟာရှိ ဝန်ထမ်းများနှင့် ဒေသခံများတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသည်ဟု မတွေ့ရှိခဲ့ရပေ။ ဒီဇင်ဘာ ၂၁ ရက်တွင် ဥရောပဆေး အေဂျင်စီက ဖိုင်ဇာ-ဘီအွန်တက်ခ် ကာကွယ်ဆေးကို အတည်ပြုပေးခဲ့ပြီးနောက် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံတို့တွင်ကာကွယ်ဆေးထိုးနိုင်ရေး လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အေအက်ဖ်ပီ