စပိန်နိုင်ငံက NISSAN ကားထုတ်လုပ်ရေးစက်ရုံ ပိတ်လိုက်ပြီ

၂၈ မေ

 

ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ NISSAN က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် အမေရိကန်ဒေါ်လာ . ဘီလီယံ အရှုံးပေါ်ကြောင်း ဒီနေ့ ထုတ်ပြန်ပြောကြားပြီး စပိန်နိုင်ငံဘာစီလိုးနားရှိ လုပ်သား ,၀၀၀ အလုပ်လုပ်နေတဲ့ NISSAN စက်ရုံကို ပိတ်မယ်လို့ ပြောကြားလိုက်ပါတယ်။

 

စပိန်အစိုးရကလည်း NISSAN စက်ရုံ ဆက်လက်လည်ပတ်ရေးကို လုပ်ဆောင်နေပေမယ့် ကုမ္ပဏီဘက်မှ ပိတ်မယ့်ဆုံးဖြတ်ချက် ထွက်ပေါ်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးက စပိန်အမျိုးသားရေဒီယိုကို ပြောကြားခဲ့ပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာတွင် NISSAN ဘက်က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဟာ စပိန်နိုင်ငံအတွက်မဟုတ်ဘဲ ဉရောပအတွက်ပါ ဝမ်းနည်းစရာကောင်းကြောင်း၊ NISSAN ရဲ့ စီးပွားရေးကို စပိန်နိုင်ငံမှာ ဆက်လက်လုပ်ဆောင်ဖို့ အစိုးရအနေနဲ့ အားစိုက်ခဲ့ပေမယ့် NISSAN က သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အာရှဘက်မှာဘဲ ပိုမိုရင်းနှီးချင်တယ်လို့ သိရကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

စပိန်နိုင်ငံရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းဟာ ဉရောပမှာ ဂျာမနီပြီးရင် ဒုတိယအကြီးဆုံးလုပ်ငန်းဖြစ်ပြီး နိုင်ငံ့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းရရှိကြောင်း သိရပါတယ်။

 

စက်မှုဝန်ကြီးကလည်း NISSAN ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးမှူးက ဘာစီလိုးနားမှာရှိတဲ့ ကားထုတ်လုပ်ရေးကို ရပ်နားတော့မယ်လို့ သတင်းပို့ကြောင်း AFP သတင်းဌာနကို အတည်ပြုပြောကြားပါတယ်။

 

NISSAN ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို အခုလဆန်းပိုင်းကစပြီး ရပ်ဆိုင်းလိုက်တဲ့အတွက် တချို့ဝန်ထမ်းတွေက ဆန္ဒပြခဲ့ကြပါတယ်။

 

MDN
ကိုးကား - AFP