စပိန် နယ်စပ်ဒေသများ ဇွန် ၂၁ ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်မည်

၁၅ ဇွန်

 

စပိန်နိုင်ငံသည် ပေါ်တူဂီနိုင်ငံမှအပ ဉရောပသမဂ္ဂ(အီးယူ)နိုင်ငံများနှင့် စပိန် နယ်နိမိတ်များကို ဇွန် ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပီဒရို က ရုပ်မြင်သံကြား သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ယမန်နေ့က ကြေညာခဲ့သည်။

 

စပိန်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၇ ခုမှ ခေါင်းဆောင်များနှင့် ဗွီဒီယိုဆွေးနွေးမှု ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

 

မတ်လကတည်းက ချမှတ်ခဲ့သော နိုင်ငံ၏ သတိပေးချက်များ သက်တမ်း ကုန်ဆုံးမှုနှင့်အတူ စပိန်တို့သည် ဇွန် ၂၁ ရက်နေ့မှ စတင်ကာ ၎င်းတို့၏ ဇာတိမြေဝန်းကျင်ကို လွတ်လပ်စွာ သွားလာနိုင်တော့မည် ဖြစ်သည်။

 

စပိန်ဝန်ကြီးချုပ်က နိုင်ငံနယ်စပ်များကို ဇူလိုင် ၁ ရက်နေ့ထိ ဆက်လက် ပိတ်ထားမည်ဖြစ်ပြီး  ပြည်ပမှ ဝင်ရောက်လာသူများကို ၁၄ ရက် အသွားအလာ ကန့်သတ်ထားမည်ဟု ယခင်က ပြောကြားခဲ့သည်။

 

ပေါ်တူဂီတို့၏ တောင်းဆိုချက်အရ ပေါ်တူဂီနယ်စပ်ကို ဇူလိုင် ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သော်လည်း ပြင်ပ ဉရောပ ၂၆ နိုင်ငံမှ လာရောက်သူများအတွက် ဇူလိုင် ၁၁ ရက်နေ့တွင် နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် စပိန်နိုင်ငံ၏ အပြုသဘောဆောင် အားထုတ်ကြိုးပမ်းမှုများကို ဖော်ပြခြင်းဖြင့် မူဝါဒပြောင်းလဲမှုကို ရှင်းလင်းပြောကြားခဲ့သည်။

 

လွန်ခဲ့သော ၆ ရက်က စပိန်နိုင်ငံတွင် ရောဂါကူးစက်မှုကြောင့် သေဆုံးသူ မရှိတော့ကြောင်း စပိန်ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

 

ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်းတွင် အီးယူမဟုတ်သည့် နိုင်ငံများအတွက် နယ်စပ်ဒေသများကို ပြန်လည်ဖွင့်လှစ်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို