စပါးအသင်းက အဲဗာတန်အသင်းကို ငါးဂိုးပြတ်အနိုင်ရပြီး ဟယ်ရီကိန်းရဲ့ ပရီမီယာလိဂ်သွင်းဂိုး ၁၇၆ ဂိုး အထိရှိလာ

စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ မတ် ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ပရီမီယာလိဂ် ပွဲစဉ်မှာ အိမ်ရှင် စပါးအသင်းက ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ အဲဗာတန်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ စပါး အသင်းနဲ့အတူ ပရီမီယာလိဂ် ပွဲစဉ်စုစုပေါင်း ၂၇၀ ကစားပေးခဲ့ပြီးချိန်မှာ ပရီမီယာလိဂ်သွင်းဂိုး ၁၇၆ ဂိုး ရှိလာခဲ့တာဖြစ်ပါတယ်။

စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၄ မိနစ် မှာ အဲဗာတန်ကစားသမား မိုက်ကယ်ကိန်းရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသလိုဖြစ်ခဲ့ရာကနေ တစ်ဂိုး၊ ၁၇ မိနစ်မှာ ဆွန်ဟောင်မင်ကတစ်ဂိုး၊ ၃၇ မိနစ်နဲ့ ၅၅ မိနစ်တို့မှာ ဟယ်ရီကိန်းက နှစ်ဂိုးနဲ့ ၄၆ မိနစ်မှာ ရီဗွီလင်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ အဲဗာတန်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်၂၆ ပွဲကစားပြီး ချိန်မှာ ရမှတ် ၄၅ မှတ်ရရှိထားတာကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ် သုံးမှတ်သာ ကွာဟတော့တာဖြစ်ပြီး လက်ရှိမှာ စပါးအသင်း က အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းကတော့ စပါးအသင်းကို ရှုံးနိမ့်ခဲ့လို့ ပရီမီယာလိဂ် ၂၅ ပွဲကစားပြီးချိန်မှာ ရမှတ် စုစုပေါင်း ၂၂ မှတ်ရရှိထားတာကြောင့် တန်းဆင်းဇုန်အတွင်းက ဘန်လေအသင်းကို တစ်မှတ်ဖြတ်ပြီး တန်းဆင်းဇုန်အထက်က အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ၁၉၅၁ ခုနှစ်က ပရီမီယာလိဂ်ကနေ နောက်ဆုံးတန်းဆင်းခဲ့တာဖြစ်ပြီး လက်ရှိမှာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် တန်းဆင်းရမယ့်အခြေအနေကို ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်