COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၆-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၂:၃၀)နာရီ

(၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

 

၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

 

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၃၇၃)ခု၊

 

- ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊

 

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ (၁၅၅) ခု၊

 

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲ နမူနာ (၂၅၆) ခု၊

 

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၅) ခုနှင့်

 

- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၄) ခု

 

- စုစုပေါင်း (၂,၃၀၀) ခုအား စစ်ဆေးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် စုစုပေါင်း (၁၀၀) ဦး တွေ့ရှိရပါသည်။ (ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃၀) ဦးတွေ့ရှိကြောင်းအား (၂၅-၈-၂၀၂၀) ရက်နေ့၊ ည (၈:၃၀)နာရီ သတင်းတွင် ဖော်ပြပြီးဖြစ်ပါသည်။)

 

၂။ ကျန်ရှိသော ဓာတ်ခွဲအတည်ပြုလူနာ (၇၀) ဦး၏ အချက်အလက်များအား ပူးတွဲပါဇယား များဖြင့် ဖော်ပြအပ်ပါသည်။

 

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

 

https://www.mohs.gov.mm/