COVID-19 ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် လူအသွားအလာများသည့် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးနှင့် နှစ်ထပ်ဈေးကို တစ်ပတ်လျှင် (၃)ရက်သာ ဈေးရောင်းချသွားမည်

လွိုင်ကော် ဧပြီ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် နှစ်ထပ်ဈေးကို တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့ ()ရက်သာ ဖွင့်လှစ်ရောင်းချခွင့်ပေးသွားမည်ဖြစ်ပြီး ကျန်ပိတ်ရက်များအား ဈေးအတွင်း ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကယားပြည်နယ်အတွင်း COVID-19 နှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့တော် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လူစည်ကားရာ နေရာများဖြစ်သည့် သီရိမင်္ဂလာဈေးနှင့် နှစ်ထပ်ဈေးများတွင် ဈေးရောင်းချနေမှုကို တစ်ပတ်လျှင် ()ရက်သာ ရောင်းချဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

 

ဆက်လက်ပြီး လွိုင်ကော်မြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ အသိပေးနှိုးဆော်ထားကြောင်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များက မတ် ၂၈ ရက်မှစတင်ပြီး ညစဉ် နာရီအချိန်တွင် ရပ်ကွက်၊ ကျေးရွာများသို့ အသံချဲစက်များဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအတွက် နေ့စဉ်လိုအပ်လျက်ရှိသည့် စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသည့် အခြားသီးနှံများကို သီရိမင်္ဂလာဈေးအပြင်ဘက်တွင် သီးသန့်ရောင်းချဖို့နေရာကိုလည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ပြည်သူများ စားဝတ်နေရေး အခက်အခဲများမရှိအောင် ဆောင်ရွက်ထားပြီး ကြိုတင်ကာကွယ်မှုအပိုင်းကိုလည်း ပို၍တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက လက်လက်ပြောသည်။

 

လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအနေဖြင့် လွိုင်ကော်မြို့နယ်အတွင်း ပြည်ပမှပြန်လည် ဝင်ရောက်လာသူများကို ထားရှိသည့်နေရာများတွင် လိုအပ်သောရေနှင့် အမှိုက်စွန့်ပစ်ပစ္စည်းများကို အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ဆောင်ရွက်ရာတွင် လိုအပ်သော နာခေါင်းစည်းများ၊ PPE ဝတ်စုံများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ လက်အိတ်များကို ကယားပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)