Covid-19 လမ်းညွှန်ချက်နှင့်အညီ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေများ ပြန်လည်ထုတ်ချေး  

ဝန်းသို ၂၅   ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် လက်ပံကျင်း‌ကျေးရွာတွင် ဆဌမအကြိမ် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို Covid-19 ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ထုတ်‌ချေးနိုင်ခဲ့ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။ 

 

မြစိမ်းရောင် ကျေးရွာစီမံကိန်း   ပြန်လည်ထုတ်ချေးရာတွင် တင်းဝါးချောင်းအုပ်စု ကျန်းမာရေး ဆရာမဒေါ်အေးမို့မို့ထွန်း ၏ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် အသင်းဝင်များအား ကိုယ်အပူချိန်တိုင်းတာခြင်းများ၊ စနစ်တကျ လက်ဆေးစေခြင်း၊ ဝန်းသိုကျေးလက် ဦးစီးဌာနမှ Mask များ အခမဲ့ဖြန့်ဝေခြင်း၊  ၊ Social Destancing အရ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာဖြင့် စနစ်တကျ အလှည့်ကျ တန်းစီစနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောကြားသည်။ 

 

စိုက်ပျိုးရေးလုပ်ငန်း လုပ်‌ဆောင်ရန် အသင်းဝင် ၁ ဦးအား ငွေကျပ် ၅ သိန်း၊ မွေးမြူရေးလုပ် ငန်းလုပ်ဆောင်ရန် အသင်းဝင် ၉၁ ဦးအား ငွေကျပ် ၄၈၉ သိန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ဆောင်ရန် အသင်းဝင် ၁ ဦးအားငွေကျပ် ၆ သိန်း၊ စုစုပေါင်း အသင်းဝင် ၉၃ ဦးအား ငွေကျပ် ၅၀၀ သိန်းကို လက်ဝယ်အရောက် ထုတ်ချေးပေးနိုင်ခဲ့‌ကြောင်း မြို့နယ်ဦးစီးမှူးကပြောသည်။ 

 

မွှေးကြူဇင်