COVID-19 ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး အသိပညာပေး ပိုစတာများစိုက်ထူခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေ

ဝေါ  ၂၆  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းလင်းနှင့် ဝန်ထမ်းများသည် ယနေ့ ဝေါမြို့မဈေးကြီးတွင် ငါးများစားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်စေကြောင်း သိရှိကြစေရန် “COVID-19 ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး” အသိပညာပေး ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MDN