COVID-19 ကာကွယ်ဆေးများ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင်ရောက်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လွှဲပြောင်းလက်ခံ

မန္တလေး၊   ၂၇   ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး(အလုံးရေ တစ် ဒသမ ငါးသန်း)အနက် မန္တလေးတိုင်းဒေသကြီးအတွက် လျာထားသော ကာကွယ်ဆေးများအား Air KBZ လေယာဉ်ဖြင့်  သယ်ဆောင်လာရာ ဇန်နဝါရီလ ၂၇ ရက် နံနက် ၉ နာရီ ၃၆ မိနစ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်သည်။

 

ဆေးတစ်ပုလင်းလျှင် လူဦးရေ (၁၀)ဦး ထိုးနှံပေးနိုင်သော ဆေးပုလင်းပေါင်း(၁၇၄၁)ပုလင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကျန်းမာရေးဝန်ထမ်းစုစုပါင်း (၁၇၀၀၀)နီးပါးခန့်ရှိပြီး ယခုရောက်ရှိလာသော ကာကွယ်ဆေးများအား သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ တစ်ဆင့်ပြန်လည်ဖြန့်ဝေပြီး မန္တလေးမြို့တွင်းရှိ ဆေးရံုများတွင်လည်း ယနေ့ညနေပိုင်းမှ စတင်ကာ ထိုးနှံမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)