စဉ့်ကူးမြို့နယ်တွင် ထီအရောင်းဆိုင်မှ ငွေကျပ်(၁၁၇)သိန်းတန်ဖိုးရှိ ငွေနှင့်ကျောင်းမျက်ပစ္စည်းများ ခိုးယူသူ   အား (၂၄)နာရီအတွင်းဖမ်းဆီးရမိ

စဉ့်ကူး ၂   စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာတွင် ထီအရောင်းအဝယ်လုပ် သူ ဒေါ်မာမာလင်း (၃၇)နှစ်၏ နေအိမ်မှ စုစုပေါင်းငွေကျပ် (၁၁၇) သိန်းတန်ဖိုးရှိ ငွေနှင့် ကျောက်မျက် ပစ္စည်းများ ခိုးယူသူအား (၂၄)နာရီအတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ (၁)ရက် နံနက်(၇)နာရီခန့်က ကျည်တောက်ပေါက်ကျေးရွာနေ ထီအ ရောင်းအဝယ် လုပ်ကိုင်သူ ဒေါ်မာမာလင်းသည် နေအိမ်အောက်ထက်ရှိ  ဧည့်ခန်းဆက်တီခုံပေါ်၌ အိပ်ပျော်နေရာမှ နိုးလာစဉ် ၎င်းအိပ်သည့်ဘေးရှိ စာပွဲပေါ်တင်ထားသည့် Mi လက်ကိုင်ဖုန်းနှစ် လုံးနှင့် လက်ကိုင်အိတ် အတွင်းရှိ ကာလတန်ဖိုးကျပ်သိန်း (၈၀) ရှိ ကျောက်မျက်ရတနာပစ္စည်းများနှင့် ငွေသား ကျပ်သိန်း(၃၀) ပျောက်ဆုံးမှုအပေါ် စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်ကြားခဲ့သည်။

 

တရားခံဖမ်းဆီးရမိရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းနိုင် ထွန်း၊ နယ်မြေရဲစခန်းမှူး ရဲအုပ် စရန်နိုင်စိုးတို့၏ ကြီးကြပ်မှုတို့ဖြင့် လက်ပန်လှနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဇင်ဝင်းထွန်းနှင့် အဖွဲ့သည် သက်သေများနှင့်အတူ အမှုမှ တရာခံတိမ်းရှောင်နေသည့် နေရာများသို့ လိုက်လံစုံစမ်း ရှာဖွေရာ ကျည်တောက်ပေါက်ကျေးရွာမြောက်ဘက် သံတံတားအနီး လူမနေ သည့်တဲတွင် နိုင်းနိုင်း (၂၈)နှစ် လက်ပန်လှကျေးရွာ နေသူအား တွေ့ရှိရ၍ စစ်မေးပြီး ၎င်းနှင့်အတူ ပါလာသည့် သားရေအိတ်အားရှာဖွေရာ တရားလိုပျောက်ဆုံးသွားသည့် ကျောက်မျက် ပစ္စည်းများအားလုံး ပြန်လည်သိမ်းဆည်းရမိပြီး ငွေသားကျပ်သိန်း (၃၀)မှ ငွေကျပ် (၇၂၇၅၀) အားပြန်လည်ရရှိကြောင်း သိရသည်။

 

ဝင်းမောင်(စဉ့်ကူး)