စဉ့်ကူးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကြေညာ

စဉ့်ကူး   ၂   စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး  စဉ့်ကူးမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာချက် ပုံစံ(၁၀)နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းတို့၏ အမည်စာရင်း ကြေညာချက် ပုံစံ( ၁၀-က ) တို့ကို  အများပြည်သူ ဖတ်ရှုနိုင်ရန်အတွက် စဉ့်ကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတို့၏ ကြော်ငြာသင်ပုန်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဩဂုတ် ၃၀ ရက်က စတင်ကပ်ထား ကြေညာထားကြောင်း သိရသည်။

 

အဆိုပါ ကပ်ထားကြေညာရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် လောင်း(၅)ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် လောင်း(၆)ဦး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်( ရှမ်းတိုင်းရင်းသားလူမျိုး )လွှတ်တော် ကိုယ်စားလှယ်လောင်း  ၅ ဦးတို့၏ အမည်စာရင်းများအား သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ ထားကြောင်း သိရသည်။

 

ကျော်မျိုးဝေ(ပြန်/ဆက်)