စွန့်ပစ်အမှိုက်မှသည် အနုပညာရပ်ဆီ - ကာလကတ္တားက တာယာပန်းခြံ

၃၁  အောက်တိုဘာ

အိန္ဒိယနိုင်ငံ ကာလကတ္တားမှာ စွန့်ပစ်အမှိုက်မှသည် အနုပညာရပ်ဆီသို့ ပြောင်းလဲထားသော ကားတာယာပန်းခြံ တစ်ခုရှိပါတယ်။ ဒီပန်းခြံရဲ့နောက်ကွယ်က အကြံကောင်းကတော့ စွန့်ပစ်အမှိုက်တွေကို အနုပညာတစ်ခုအသွင် ပြောင်းလဲဖန်တီးနိုင်မှုပါ။

 

 122993190_3586425

 

ဘယ်အရာမဆို စွန့်ပစ်လိုက်တယ် ဆိုတာထက် ပြောင်းလဲလိုက်တယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးချင်တာ ဖြစ်ပါတယ်။ နောက်ပြီးဒါက အနောက်ဘင်ဂေါ သယ်ယူပို့ဆောင်ရေး ကော်ပိုရေးရှင်းရဲ့ ဆောင်ရွက်ချက် တစ်ရပ်လည်း ဖြစ်ပါတယ်။ အလှဆင်မှုတွေနဲ့ တပ်ဆင်မှုတွေပြီးစီးအောင် အလုပ်သမားတွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး နာရီမပြတ်ဆောင်ရွက် ခဲ့ကြပါတယ်။ တကယ်တော့လည်း စွန့်ပစ်တာယာတွေက ပြည်နယ်တစ်ဝန်း စုပုံလာနေပြီး စိန်ခေါ်မှုတစ်ရပ်လို ဖြစ်လာနေတာပါ။ တာယာပန်းခြံက မြို့အလယ်မှာရှိပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ သီချင်းတွေနားဆင်ရင် လူနည်းနည်းလောက်တော့ အပန်းဖြေနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။

Source – AFP

#MRTV