စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိသဖြင့် ကူးစက်ခံရသူ စုစုပေါင်း ၉၀၀၀ ကျော်ရှိလာ

၂၁ ဧပြီ

 

စင်ကာပူနိုင်ငံတွင် ယနေ့မွန်းတည့်ချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၁၁၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ အတည်ပြုကူးစက်ခံရသူ စုစုပေါင်း ၉၁၂၅ ဦး အထိ ရှိလာခဲ့သည်။

 

ထပ်မံကူးစက်ခံရသူများအနက် အများစုမှာ အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားသော နိုင်ငံခြား အလုပ်သမားအိပ်ဆောင်များတွင် နေထိုင်သူများ ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ယင်း ကူးစက်မှုအနက် ဖြစ်ရပ် ၂၀ ခု တွင် စင်ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများလည်း ပါဝင်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို