စင်ကာပူနိုင်ငံ၌ ယခုနှစ်ပထမသုံးလပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀၀ ကျော်ရှိ

ဧပြီ ၁

စင်ကာပူနိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀၀ ကျော်ရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၆၀ ရှိသဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု နှစ်ဆရှိလာသည်ဟု အမျိုးသားသဘာဝပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီက ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။ မတ်လ ၂၅ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ခုနစ်ဦးရှိကြောင်း ထိုအေဂျင်စီက ထပ်လောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၂၁၇၃ ဦးရှိရာမှ ၂၀၂၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၉၄၉ ဦးအထိ ကျဆင်းလာသည်။  ရေဝပ်ရေသေများဖယ်ရှားခြင်း၊ မှောင်မည်းသောထောင့်နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းအပါအဝင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှိမ်နင်းရေး အစီအမံများကိုလိုက်နာဆောင်ရွက်ရန် နိုင်ငံသားများအား တိုက်တွန်းပြောကြားထားပြီး ခြင်ပေါက်ဖွားမှုတားဆီးရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းအေဂျင်စီက ကတိပြုထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို