စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၃၀၉ ဦး စစ်ဆေးတွေ့ရှိ

 

 

စင်ကာပူ  စင်တင်ဘာ   ၅

 

စင်ကာပူနိုင်ငံ၌ စက်တင်ဘာ ၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၁၃၀၉ ဦး စစ်ဆေးတွေ့ရှိသည့်အတွက်       နိုင်ငံ တစ်ဝန်း အဆိုပါရောဂါကူးစက် ခံရသူ စုစုပေါင်း ၁၈၄၆၀၉၄ ဦး အထိရှိလာပြီဖြစ်သည်။

 

အဆိုပါ ထပ်မံကူးစက်ခံရသူ များအနက် ၁၅၈ ဦးသည် ပီစီ အာရ်နည်းဖြင့် စစ်ဆေးတွေ့ရှိခြင်း ဖြစ်ပြီး  ကျန် ၁၁၅၁ ဦးသည် အေအာရ်တီနည်းဖြင့် စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သော ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။

 

ပီစီအာရ်နည်းဖြင့် စစ်ဆေး တွေ့ရှိသည့် ၁၅၈ ဦးအနက် ၁၄၇ ဦးသည်  ပြည်တွင်းကူးစက်မှု ဖြစ်ပြီး ကျန် ၁၁ ဦးသည် ပြည်ပ ပြန်ကူးစက်မှုဖြစ်သည်။ ထို့အပြင် အေအာရ်တီနည်းဖြင့်  စစ်ဆေး တွေ့ရှိသည့် ၁၁၅၁ ဦးအနက် ၁၀၈၉ ဦးသည် ပြည်တွင်းကူးစက် မှုဖြစ်ပြီး ကျန် ၆၂ ဦးသည် ပြည်ပ ပြန်ကူးစက်မှုဖြစ်ကြောင်း  သိရသည်။ 

 

စင်ကာပူနိုင်ငံ၌ လက်ရှိဆေးရုံတွင် တင်ထားရသူ စုစုပေါင်း  ၂၂၇ ဦးရှိပြီး၁၀ ဦးသည် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေ ရကြောင်း သိရသည်။

 

ဆင်ဟွာ