စင်ကာပူနိုင်ငံမှာ ကျန်းမာရေးအသုံးစရိတ် ပိုသုံးမယ်

၂၃ ဖေဖော်ဝါရီ 

 

စင်ကာပူနိုင်ငံမှာ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအသုံးစရိတ် ပိုသုံးမယ့်အကြောင်း တနင်္လာနေ့က ကြေညာလိုက်ပြီး ဘဏ္ဍာရေးအသုံးစရိတ် ဥပဒေမူကြမ်းလည်း ထွက်လာခဲ့ပါပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲက ၂၀၂၁ ခုနှစ်မှာ ကျင်းပမှာဖြစ်ပေမယ့် စင်ကာပူနိုင်ငံတည်ထောင်ခဲ့တဲ့ မိသားစုက မျိုးဆက်သစ် ခေါင်းဆောင်တွေ ကို ဒီနှစ်ကုန်ပိုင်းမှာ အာဏာလွှဲပြောင်းပေးဖို့ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။ 

 

000_1D

 

အသက် ၆၀ နှစ် ၆၉ ကြား စီနီယာနိုင်ငံသား ငါးသိန်းကို ထောက်ပံ့ရန် စင်ကာပူဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ) ထားရှိကြောင်း၊ အဲဒီအစီစဉ်ထဲမှာ အစိုးရက တည်ဆောက်ပေးထားတဲ့ ကျန်းမာရေး အားကစားရုံ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက်နဲ့ ကျန်းမာရေးအာမခံတွေ အတွက်ပါရှိကြောင်း သိရပါတယ်။

 

000_1DG8


 
နောက်ထပ် စင်ကာပူဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကို နှစ်ရှည်လများ ရောဂါခံစားနေရသူတွေ နဲ့ မသန်စွမ်းအလုပ်သမားတွေအတွက်ပါ အစီအစဉ်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ 

 

000_1DK

 

ဒါ့အပြင် ဝင်ငွေနည်းတဲ့ စင်ကာပူနိုင်ငံသား ၁ ဒသမ ၄ သန်းလောက်ဟာလည်း စင်ကာပူဒေါ်လာ ၃၀ဝ တန် ဘောက်ချာများပေးပြီး သူတို့ရဲ့ စားဝတ်နေရေးကို ကူညီသွားဖို့ရှိနေပါတယ်။ 

 

000_1DK

 

အသက် ၅၇ နှစ်အရွယ် ဘဏ္ဍာရေးဝန်ကြီးဟာ မနှစ်က စင်ကာပူရဲ့ အာဏာရပါတီ အဓိက ခေါင်းဆောင်အဖြစ် နာမည်တင်းသွင်းခြင်းခံခဲ့ရတဲ့အတွက် သူဟာ နောင်လာမယ့် စင်ကာပူဝန်ကြီးချုပ်ဖြစ်နိုင်တဲ့ အလားအလာမှာရှိနေပါတယ်။ 

 

MDN

 

ကိုးကား - AFP

 

000_1DK48