စင်ကာပူနိုင်ငံ၏ ဇွန်လအတွင်း အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်

mdn

စင်ကာပူ ၃၀ ဇူလိုင်

 

စင်ကာပူနိုင်ငံ၏ ဇွန်လအတွင်း အလုပ်လက်မဲ့နှုန်းသည် ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း စင်ကာပူ နိုင်ငံ အမျိုးသားအင်အားစုဝန်ကြီးဌာနက ယနေ့ ကြေညာ ခဲ့ကြောင်း သိရသည်။

 

စင်ကာပူနိုင်ငံ၏ အလုပ်သမားဈေးကွက်မြှင့်တင်ရေး ဌာနက ယခုနှစ် ဒုတိယသုံးလတာကာလအတွက် ထုတ်ပြန် ချက်အရ စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်သည့် ပြည်ပ နိုင်ငံသားများ၏ အလုပ်လက်မဲ့နှုန်းသည် ၃ ဒသမ ၃ ရာခိုင် နှုန်းမှ ၃ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းနှင့် စင်ကာပူနိုင်ငံသားများ၏ အလုပ်လက်မဲ့နှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံခြားသားအလုပ်သမားများအပါအဝင် စင်ကာပူ နိုင်ငံ၏ အလုပ်အကိုင်စုစုပေါင်းသည် ဒုတိယသုံးလတာ ကာလအတွင်း၁၂၁၈၀၀ အထိ လျော့ကျသွားမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ စင်ကာပူနိုင်ငံသည် ခရီးသွား လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ကိုဗစ်-၁၉ ရောဂါအစီအမံများကို ထိရောက် စွာဆောင်ရွက်ခြင်းဖြင့် အခြားသောနယ်ပယ်ကဏ္ဍများတွင် ပြန်လည်ဦးမော့လာစေမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်