စင်ကာပူမှာ ဟိုတယ်တစ်လုံး မီးလောင်

၁၄ ဖေဖော်ဝါရီ

စင်ကာပူ မြို့လယ်ပိုင်းရှိ ကာတန် ဟိုတယ်က လျှပ်စစ်ပစ္စည်းတွေ ထားရာ အခန်းတစ်ခန်းအတွင်းမှ ပေါက်ကွဲပြီးနောက် မီးလောင်တဲ့အတွက် ရာချီတဲ့ လူတွေကို ကယ်ထုတ်ရကြောင်း သိရပါတယ်။

ဒီကနေ့ဖြစ်ခဲ့တဲ့ ဟိုတယ်မီးလောင်မှုမှာ ဒဏ်ရာရသူ မရှိသလို အကြမ်းဖက်မှုနဲ့လည်း ဆက်စပ်မှုမရှိကြောင်း  ကာတန် ဟိုတယ်က ပြောပါတယ်။

လျှပ်စစ်ပစ္စည်းထိန်းသိမ်းရာအခန်းမှာ မီးလောင်တာဖြစ်ပြီး အလျင်အမြန်ငြိမ်းသတ်နိုင်ကြောင်း အဲဒီမီးလောင်မှုကို စုံစမ်းစစ်ဆေးနေကြောင်း  စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

သြစတြေးလျနိုင်ငံသားဧည့်သည် အပြောအရ ပေါက်ကွဲသံ နှစ်သံ က ၃ မိနစ်ခြားလောက်မှာ ထွက်လာကြောင်း ပြောပါတယ်။ အဲဒီလိုဖြစ်ပွားအပြီးမှာ ကာတန်ဟော်တယ်အနီးက အဆောက်အအုံတွေမှာပါ မီးပျက်သွားပေမယ့် ခဏအတွင်းမှာ လျှပ်စစ်မီးပြန်လာပေမယ့် ကာတန်ဟော်တယ်တော့ မပါဘူးလို့သိရပါတယ်။

MDN
ကိုးကား - AFP

 

mdn