စနေ၊ တနင်္ဂနွေ စာအုပ်လမ်း ( Yangon Book Street) အစီအစဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိ

ရန်ကုန် ၂၁ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ပံ့ပိုးကူညီမှုနှင့်အတူ စာအုပ်ဆိုင်ခန်းပေါင်း ၇၀ ခန့်ဖြင့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  သိမ်ဖြူလမ်းတွင် စာအုပ်လမ်းအစီအစဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။

 

Yangon Book Street ၏ အပတ်စဉ်အစီအစဉ်များအဖြစ် ၂၃-၁၁-၂၀၁၉ ရက် (စနေနေ့) မွန်းလွဲ ၃ နာရီတွင် ထိန်ဝင်းစာအုပ်တိုက်မှ ထုတ်ဝေသည့် “၈၈၈၈ လူထုအုံကြွမှု” စာအုပ်သစ်မိတ်ဆက်ပွဲ အစီအစဉ်၊ ၂၄-၁၁-၂၀၁၉ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီတွင် လူငယ်စာရေးဆရာ ချမ်းမြေ့ဝင်း၏ “ဘာသာပြန်ခြင်းအနုပညာ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲအစီအစဉ်၊ မွန်းလွဲ ၃ နာရီတွင် ထိန်ဝင်းစာအုပ်တိုက်မှာ နာမည်ကြီး စာအုပ်ကောင်းများကို ထိုက်တန်စွာ လက်ဆောင်ပေးမည့် “မေးကြည့်ဖြေကြည့် ပဟေဠိ” အစီအစဉ်တို့ကို ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ပါသဖြင့် စာပေချစ်မြတ်နိုးသူတို့ လာရောက်လေ့လာဖြေဆို ဝယ်ယူနိုင်ပါကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ ဖုန်းနံပါတ် ၀၉-၃၀၀၀၂၃၁၁ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း ယင်းအသင်း ထုတ်ပြန်ထားချက်အရ သိရသည်။

 

MDN