စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းအောင်ပွဲနှင့် ရှင်သာမဏေ သီလရှင်အပါး ၅၀၀၀ သာသနာ့ဘောင် သွတ်သွင်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး  ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မကွေး ၂၂ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်ခြင်း အောင်ပွဲအခမ်းအနားနှင့် ရှင်သာမဏေ သီလရှင်အပါး ၅၀၀၀ သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း အလှုတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းတွင် ပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ စေတီတော်ကြီးဂေါပကအဖွဲ့ဝင်များနှင့် ပဓာနအလှုရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကာ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

စန္ဒ္ဒကူးနံ့သာ ကျောင်းတော်ရာ၌ ယခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်တိုင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံခြင်းအောင်ပွဲနှင့် ရှင်သာမဏေ သီလရှင်အပါး ၅၀၀၀ သာသနာ့ဘောင် သွတ်သွင်းခြင်း အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။

(လင်းလင်း)