စမတ်ဖုန်းနဲ့အသံထွက်ပစ္စည်းတွေ အသုံးပြုခြင်းဟာ အကြားအာရုံကို ထိခိုက်စေကြောင်း WHO သတိပေး

၁၅ ဖေဖော်ဝါရီ

 

လူငယ် ၁ ဘီလီယံကျော်ဟာ စမတ်ဖုန်းနဲ့ အသံထွက် ပစ္စည်းတွေ အသုံးပြုခြင်းကြောင့် အကြားအာရုံ ထိခိုက်မှုဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

 

WHO နဲ့ နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့ကနေ နိုင်ငံတကာ အဆင့်သတ်မှတ်ထားသည့် အသံအတိုးအကျယ်ကို စံနှုန်းအသစ် သတ်မှတ်ရေးအတွက် အသံပိုင်းဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများထံ မေတ္တာရပ်ခံနေကြောင်း သိရပါတယ်။ လူငယ်တွေဟာ အသံနားထောင်တဲ့ အလေ့အထရှိနေပါတယ်။ အသက် ၁၂ နှစ်ကနေ ၃၅ နှစ်ကြားလူငယ်တစ်ဝက်လောက် တစ်နည်းအားဖြင့် ၁ ဒသမ ၁ ဘီလီယံခန့် လူငယ်တွေဟာ သီချင်းနားထောင်ရာမှာ  အသံကျယ်ကျယ်နားထောင်တတ်တဲ့အလေ့ ရှိနေပါတယ်လို့ WHO က ပြောပါတယ်။ 

 

mdn

 

WHO အကြီးအကဲက ကမ္ဘာမှာ အကြားအာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်တဲ့ နည်းပညာကို သိပြီးဖြစ်တယ်။ လူငယ်တွေ အခုလို သီချင်းနားထောင်ရာကနေ အကြားအာရုံ ကို ထိခိုက်မှု ဆိုတာမဖြစ်သင့်ဘူး။ လူငယ်တွေအနေနဲ့လည်း သိရမှာက အကြားအာရုံ ဆုံးရှုံးပြီးရင် ပြန်ရဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ 

 

ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်း၊ ကလေး ၃၄ သန်းအပါအဝင် လူပေါင်း ၄၆၆ သန်းခန့် ဟာ အကြားအာရုံဆုံးရှုံးနေကြောင်း သိရပါတယ်။  အသံအကျယ်ကြီးနားထောင်တတ်တဲ့အတွက် အခုလို အကြားအာရုံဆုံးရှုံးသူများမည်မျှရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း WHO က ပြောပါတယ်။ 


အသံထွက် ၈၅ ဒက်ဆီဘယ် ကို ရှစ်နာရီနားထောင် ရင်ပဲဖြစ်ဖြစ် ၁၀ဝ ဒက်ဆီဘယ် ၁၅ မိနစ်နားထောင်ရင် နားထောင်သူအတွက် အန္တရာယ်ရှိကြောင်း WHO က သတ်မှတ်ထားပါတယ်။ 

 

WHO က အသံထွက်ပစ္စည်းတိုင်းမှာ အန္တရာယ်ဖြစ်နိုင်တဲ့ အသံထွက် မဖြစ်အောင် အလိုအလျှောက် ထိန်းညှိတာမျိုးပါရှိတဲ့ ပစ္စည်းနဲ့ မိဘတွေကိုလည်း အန္တရာယ်ဖြစ်နိုင်တဲ့ အသံအထိ နားထောင်တာမျိုးမဖြစ်အောင် စောင့်ရှောက်ရာမှာ ပါဝင်ပါလို့ တိုက်တွန်းထားပါတယ်။  

 

MDN
ကိုးကား - AFP