စမိုင်းလ်မိသားစုက အိမ်ထောင်စု ၁ဝဝ အတွက် တစ်ပတ်စာ အသုံးစရိတ်များ လှူဒါန်း

ကိုလင်း

 

လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသူ အခြေခံလူတန်းစား မိသားစုများအား ကူညီသည့်အနေဖြင့် 'မျှဝေခြင်း' အစီအစဉ်ကို ရုပ်သံအစီအစဉ် တင်ဆက်သူ ကိုမောင်မောင်အေးကဦးဆောင်၍ အကောင်အထည်ဖော်လျက်ရှိရာ သရုပ်ဆောင် စမိုင်းလ် မိသားစုကလည်း အိမ်ထောင်စု ၁၀၀ အတွက် တစ်ပတ်စာ အလှူငွေကို ပေးအပ်လှူဒါန်းခဲ့သည်။

 

“ကိုယ့်တိုင်းပြည်မှာ အခုလို အခက်အခဲနဲ့ ကြုံတွေ့နေတဲ့အချိန်မှာ ကိုယ့်ဘက်က တတ်နိုင်တာလေးတွေကို ပါဝင်လှူဒါန်းတာပါ။ နောက်လည်း အဆင်သင့်ရင် သင့်သလိုလှူသွားမှာပါ။ အခုလိုအချိန်မျိုးမှာ ကိုယ့်လူမျိုးတွေ အချင်းချင်း ဖေးမကူညီနေတာ တွေ့ရလို့ အတိုင်းမသိ ဝမ်းသာရပါတယ်၊ အခုကြုံနေရတဲ့ အခက်အခဲတွေကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့လည်း ဆုတောင်းပါတယ်” ဟုစမိုင်းလ်က ပြောသည်။

 

သရုပ်ဆောင်စမိုင်းလ် မိသားစုသည် မျှဝေခြင်း အစီအစဉ်မှတစ်ဆင့် အိမ်ထောင်စုတစ်စုလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု ၁၀၀ အတွက် အလှူငွေ ကျပ် ၁၀ သိန်း ကိုလှူဒါန်းခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် စမိုင်းလ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်ခြင်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာ့အလင်း