၈ ဇူလိုင်
ဗြိတိန်ပေါ့ပ်ကြယ်ပွင့် အဒဲလ်ဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ တေးသံရှင်စလင်းဒီယွန်ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်အားပေးခဲ့တာကို တွေ့ရပါတယ်။ ဒီဖျော်ဖြေပွဲကို အဒဲလ်ဟာ ယောကျာ်းလေးသူငယ်ချင်းတစ်ဦးရဲ့ လက်ကိုတွဲကာ တက်ရောက်ခဲ့တာဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဇူလိုင် ၆ ရက်က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ စလင်းဒီယွန်ရဲ့ ဖျော်ဖြေပွဲကို အဒဲလ်တက်ရောက်အားပေးခဲ့တာပါ။ သူဟာ သူငယ်ချင်းဖြစ်သူ ပေါဒရေတန်ရဲ့လက်ကိုတွဲကာ အခမ်းအနားပြုလုပ်ရာကို လျှောက်လှမ်းလာခဲ့တာကိုလည်း တွေ့ရပါတယ်။ ဂရမ်မီဆုရှင် တေးသံရှင်အဒဲလ်ဟာ မကြာသေးမီက ခင်ပွန်း ဖြစ်သူ ဆိုင်မွန်ကော်နက်စ်ကီနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။
အေးပြည့်