စလိုဗက်ကီးယားနိုင်ငံဟာ ကမ္ဘာမှာ ပထမဆုံး တစ်နိုင်ငံလုံးကို ဗိုင်းရပ်စ်ပိုး စစ်ဆေးပေးမယ့်နိုင်ငံဖြစ်လာ

၃၁ အောက်တိုဘာ

 

စလိုဗက်ကီးယားနိုင်ငံမှာ နိုင်ငံသားအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးပေးမယ့်အစီစဉ် ဒီနေ့(စနေနေ့) မှာ စတင်မယ်လို့ သိရပါတယ်။ ကမ္ဘာမှာ နိုင်ငံသားအားလုံးကို ဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးပေးမယ့် ပထမဆုံး နိုင်ငံဖြစ်လာ ပေမယ့် အစီအစဉ် တစ်ခုလုံးဟာ ညံ့ဖျင်းစွာ စီစဉ်ထားကြောင်း ဝေဖန်သူတွေက ထောက်ပြပါတယ်။

 

လူဦးရေ ၅.၄ သန်းနေထိုင်တဲ့ ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ စလိုဗက်ကီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးပေမယ့်နေရာ ၅,၀၀၀ နီးပါးမှာ ကျန်းမာရေးဝန်ထမ်း၊ စစ်သား နဲ့ ရဲသားအပါအဝင် လူပေါင်း ၄၅,၀၀၀ ခန့် ပါဝင် လုပ်ဆောင်မယ်လို့ သိရပါတယ်။

 

ဝန်ကြီးချုပ် အီဂါ မာတိုဗစ်က ကမ္ဘာကနေ စလိုဗက်ကီးယားကို စောင့်ကြည့်နေကြောင်းနဲ့ အခုလိုလုပ်ဆောင်ခြင်းအား ရာချီတဲ့အသက်တွေကို ကယ်ဆယ်လိုက်သလို ဖြစ်သွားမယ်လို့ ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုးစစ်ဆေးပေးရန် Antigen test kits နဲ့ စစ်ဆေးပေးမှာဖြစ်တဲ့အတွက် မိနစ်ပိုင်းအတွင်း အဖြေရရှိမှာဖြစ်ပါတယ်။ Antigen test kits ဟာ နှာခေါင်းနမူနာတို့ဖတ်ကို ဓါတ်ခွဲခန်းမှာ PCR နည်းနဲ့ စမ်းသပ်တာလောက် စိတ်ချရတဲ့ အဖြေမဟုတ်ကြောင်း သိရပါတယ်။

 

နိုင်ငံသားအားလုံးကို ဗိုင်းရပ်စ်ပိုးစစ်ကို စစ်ဆေးရမယ်လို့ အမိန့်ထုတ်ပြန်မထားပေမယ့် ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ဗိုင်းရပ်စ်ပိုးမရှိကြောင်း ထောက်ခံစာမပါသူတွေကို ဒဏ်ငွေအမြောက်အမြားပေးရမယ်လို့ ဆိုပါတယ်။

 

ဗိုင်းရပ်စ်ပိုးစစ်ဆေးရာတွင် ပိုးတွေ့သူကို ချက်ချင်း သီးသန့်နေထိုင်မှုအောက်မှာ ၁၀ ရက်နေရမယ်လို့ ဆိုပါတယ်။

 

စလိုဗက်ကီးယားနိုင်ငံလိုပဲ တခြားသော ဉရောပနိုင်ငံအသေးတွေဖြစ်တဲ့ လူဇင်ဘတ် နဲ့ မိုနာကိုနိုင်ငံတွေကလည်း တစ်နိုင်ငံလုံး ဗိုင်းရပ်စ်ပိုး စစ်ဆေးရေး အစီအစဉ်နဲ့ ပိုးစစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။

 

စလိုဗက်ကီးယားနိုင်ငံမှာ ၂၄ နာရီအတွင်း သောကြာနေ့က ပို့တွေ့လူနာ ၃,၃၆၃ ဦးရှိရာ စုစုပေါင်း ပိုးတွေ့သူ ၅၅,၀၉၁ ဦးနဲ့ စုစုပေါင်းသေဆုံးသူ ၂၁၂ ဦး ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP