စလေမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၃)မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၀) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားခဲ့

၁၆  ဧပြီ

ယနေ့နံနက် မြန်မာစံတော်ချိန် ၂ နာရီ ၆) မိနစ်နှင့် (၃၀) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၄၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စလေမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၃)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၀ ဒသမ ၈၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၄၀)ဒီဂရီ၊ အနက်(၁၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

MDN