စက်ရုပ် တီထွင် အသုံးချမှု ပညာရဲ့ အနာဂတ်အကြောင်း ဆွေးနွေး

တိုကျို  ၁၇ အောက်တိုဘာ 

ဂျပန်နိုင်ငံ စွမ်းအင်သစ်နဲ့ စက်မှုနည်းပညာ ဖွံ့ဖြိုးမှု အဖွဲ့ကြီးရဲ့ အထောက်အပံ့နဲ့ ပြုလုပ်ခဲ့တဲ့ တနင်္လာနေ့က အဲဒီဆွေးနွေးပွဲကို လူပေါင်း ၄၀ဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။

စက်ရုပ် စက်ရုံတွေရဲ့ အနာဂတ် အလားအလာအကြောင်းကို ကယ်လီဖိုးနီးယား တက္ကသိုလ် ပါမောက္ခ ဟန်းနရစ် ခရစ္စတန်ဆန်က ဆွေးနွေးခဲ့ပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်ချက် အသစ်တွေကို ဦးတည်တဲ့ သုတေသန တွေကို ပြုလုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ သုတေသနတွေထဲမှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက် ပြုစုပေးတဲ့ စက်ရုပ်တွေ၊ သဘာဝဘေး အန္တရာယ်တွေနဲ့ ကြုံတွေ့တဲ့အခါ ကယ်ဆယ် ရှာဖွေရေး လုပ်ငန်းတွေကို လုပ်ဆောင်မယ့် စက်ရုပ်တွေ စတဲ့ စက်ရုပ်တီထွင်မှု ပညာ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

အဲဒီပြပွဲမှာ နောက်ဆုံးပေါ် စက်ရုပ်တွေကိုလည်း ပြသသွားခဲ့ပါတယ်။ ဂျပန်ရဲ့ စက်ရုပ်တီထွင်မှု စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာစေဖို့ အားပေး မြှင့်တင်တဲ့အနေနဲ့ စီလီကွန်တောင်ကြားကို လာရောက် အလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်လို့လည်း ဂျပန်လူမျိုး တက်ရောက်သူတစ်ဦးရဲ့ ပြောကြားချက်ကိုလည်း ကြားသိခဲ့ရပါတယ်။

(အင်န်အိတ်ချ်ကေ)