စက်ရုံ၊ အလုပ်ရုံများ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေး

တာချီလိတ်  ၁ မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်ကာလအတွင်း စက်ရုံအလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးမှုကို ဧပြီ ၂၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်  ပူးပေါင်းအဖွဲ့ဝင်များက ဆေခမ်းရပ်ကွက်ရှိ ရွှေကောင်းကင် တိရစ္ဆာန်အစာချက်စက်ရုံ၊ BM သွပ်ပြားစက်ရုံနှင့် သောက်ရေသန့်စက်ရုံများသို့ သွားရောက် စစ်ဆေးခဲ့သည်။

 

တာချီလိတ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သော စက်ရုံ၊ အလုပ်ရုံများကိုသာ ပြန်လည်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

ယာဆေး(ပြန်/ဆက်)