စက်ရေတွင်း၊ ရေစုကန်နှင့် ရေတင်စက်တပ်ဆင်ပြီးစီး၍ သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စုရှိ ကမ္မဌာန်းကျောင်းတိုက်တွင် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆ ဒသမ ၅ သန်းဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် အချင်း ၆ လက်မ  စက်ရေတွင်းတူးဖော်ခြင်း ၊ရေဂါလံ ၃၀၀၀ ဆံ့ အုတ်ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ရေတင်စက်တပ်ဆင်ပေးခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်၍ သောက်သုံးရေများကို ယနေ့မှစတင်၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရေလှောင်ကန်မှ ကမ္မဌာန်းကျောင်းတိုက်အတွင်းရှိ သံဃာတော်နှင့် ယောဂီ ၇၀ ပါး ၊ကျောင်းဝေယျာဝစ္စ လုပ်ကိုင်ဆောင်ရွက်သူများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူပေါင်း ၄၀၀ ကျော်တို့အား နေ့စဉ်သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးသွာမည်ဖြစ်ကြောင်း လင်းခေးမြို့ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)