စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲအတည်ပြုရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၅ ဇွန် 
    

 

စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲအတည်ပြုရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။ 
    

 

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က လူသားအားလုံး၏ ကျန်းမာရေးတွင် စိတ်ကျန်းမာခြင်းသည် မပါမဖြစ်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများဖြစ်စေသည့် အကြောင်းအရင်းများထဲတွင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပါဝင်သည်ကို တွေ့ရပါကြောင်း၊ စိတ်ကျန်းမာရေးကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် Non-communicable Diseases and Mental Health Cluster မကူးစက်နိုင်သောရောဂါနှင့် စိတ်ကျန်းမာရေးကဏ္ဍအစုအဖွဲ့ဟု သတ်သတ်မှတ်မှတ်ခေါ်ဆို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
    

 

ထိုနောက် Global and Cultural Mental Health Unit, University of Melbourne, Australia မှ Professor Harry Minas က Importance of Mental Health Policy နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး HelpAge International, Myanmar မှ Technical-Lead (Public Health), Professor Anil Krishna က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 
သတင်းစဉ်