စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး  (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

 

နေပြည်တော်     ဒီဇင်ဘာ     ၁၉

 

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့   တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 

ကြည့်ရှုအားပေး

အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊    နေပြည်တော်တိုင်းစစ် ဌာနချုပ်  တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊   တိုင်းဒေသကြီးနှင့်   ပြည်နယ်များမှ အားကစားအသင်း များအလိုက်   အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ  တာဝန်ရှိသူများ၊  အားကစား ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။

 

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)   အသက်(၁၈)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ    ဗိုလ်လုပွဲတွင်    ရှမ်း ပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့  တက်ရောက်လာ ကြသည့်  အသင်းများ ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖိအားပေး အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက အဖွင့်ဂိုးရရှိခဲ့သည်။    ယင်းနောက်   နှစ်ဖက်အပြန်အလှန်   အကြိတ်အနယ်    ယှဉ်ပြိုင်ကစား ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။

 

ယင်းနောက်     ဆုချီးမြှင့်ခြင်း    အခမ်းအနားကို ဆက်လက်ကျင်းပရာ   အကောင်းဆုံးအားကစား သမားဆုရရှိခဲ့ကြသည့်   အားကစားသမားများကို ကောင်စီဝင်များဖြစ်ကြသည့်  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးမောင်းဟာ၊ Jeng Phang နော်တောင်နှင့်  ဒေါ်အေးနုစိန် တို့က ဂုဏ်ပြုဆုတံဆိပ် နှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက်   အသင်းလိုက်    စတုတ္ထဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက လည်းကောင်း၊ တတိယဆုရရှိသည့်   ဧရာဝတီတိုင်းဒေသကြီး အသင်းအား ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လည်းကောင်း၊   ဒုတိယဆုရရှိသည့်  ရှမ်းပြည်နယ်အသင်းအား ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့် ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ပထမဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးအသင်းအား   ကောင်စီတွဲဖက်   အတွင်း ရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်း အား   ဂုဏ်ပြုချီးမြှင့်ငွေနှင့်   တံခွန်စိုက်ဖလားတို့ကို   ပေးအပ်ချီးမြှင့်ကြပြီး  အားကစားသမား များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

 

မြန်မာ့ဘောလုံး   အားကစားလောက   အဆင့် အတန်း   တိုးတက်မြင့်မားလာစေရန်နှင့်  ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် (အမျိုးသမီး)  ဘောလုံးအားကစား သမား များစွာပေါ်ထွက်လာစေရန်ရည်ရွယ်၍  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တို့  ပူးပေါင်း၍ ၂၀၂၃ ခုနှစ်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့် တိုင်းဒေသကြီး   (အလွတ်တန်းဖိတ်ခေါ်)    U - 18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ     စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး    ယနေ့တွင် ဗိုလ်လုပွဲ      ပွဲစဉ်အဖြစ်      ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ကာ   မန္တလေးတိုင်းဒေသကြီးအသင်းက အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက် ဒိုင်းဆုကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်