စီရိုနယ်လ်ဒိုက ဂျူဗင်တပ်အသင်းနှင့် လမ်းခွဲမည်မဟုတ်ဟုဆို

၃  မတ်

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ လက်ရှိကလပ်အသင်းမှာ ပျော်ရွှင်မှုရရှိနေတာကြောင့် ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲမှာမဟုတ်ဘဲ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းဆီလည်း ပြောင်းရွှေ့ကစားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်က သူ့ရဲ့ကစားသမားဘဝ ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းက SPAL အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အီတလီ စီးရီးအေပွဲစဉ် ၁၁ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

စီရိုနယ်လ်ဒိုဟာ ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း ကိုးနှစ်ကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ မစတင်မီမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ၂၀၂၂ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလအထိ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်လို့ အီတလီစီးရီးအေမှာပဲ ဆက်ရှိနေမယ်လို့ စီရိုနယ်လ်ဒိုက ပြောကြားထားပါတယ်။

ငွေကြယ်