စီမံကိန်းအတိုးရငွေ၊ ကျေးရွာကိုယ်ထူကိုယ်ထ စုဆောင်းထည့်ဝင်ငွေတို့ဖြင့် ကျေးရွာမီးလင်း

ကြို့ပင်ကောက် ၁၁ ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရှားပင်ထအုပ်စု၊ ရှားပင်ထကျေးရွာနေ ဒေသခံတို့မှ မြစိမ်းရောင်စီမံကိန်း (၃)နှစ်ကာလအတွင်း ညီညွတ်စွာဖြင့် ဖြတ်သန်းလာကြရာမှ ပြည့်မြောက်အောင်မြင်ကာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းအား သုံးစွဲခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ကျေးရွာတွင်း (၄၀၀)ဗို့အားလိုင်း ပေ ၉၃၀၀ သွယ်တန်းတည်ဆောက်ခြင်း လုပ်ငန်းအား ဆောင်ရွက်ရာ စီမံကိန်းအတိုးရငွေ ကျပ် ၅ဝဝဝဝဝဝ နှင့် ကျေးရွာကိုယ်ထူကိုယ်ထ စုဆောင်းထည့်ဝင်ငွေ ကျပ် ၃၅၆၂၂၀၃၀ ကျပ် စုစုပေါင်း ကျပ် ၄၀၆၂၂၀၃၀ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအခါ ကျေးရွာတွင်း လျှပ်စစ်မီးလင်းပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)