ဆူနာမီသတိပေးချက် ထုတ်ပြန်မှုစံနှုန်းအဆင့် အင်ဒိုနီးရှား လျော့ချ

၂၇ ဒီဇင်ဘာ
 
အင်ဒိုနီးရှားအစိုးရက ဆွန်ဒါရေလက်ကြားအတွင်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ပေးနေသည့်  စံနှုန်းများကို လျော့ချလျက်ရှိသည်။
 
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားနှင့်ဆူမာတြားကျွန်းကြား အဆိုပါရေလက်ကြားတွင် စနေ့နေ့က ဖြစ်ပွားခဲ့သည့် ဆူနာမီဖြစ်ရပ်ကြောင့် လူပေါင်း ၄၃၀သေဆုံးပြီး ၁၅၉ ပျောက်ဆုံးသွားခဲ့သည်။
 
ရေလက်ကြားအတွင်းရှိ မီးတောင်တစ်ခုပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း အင်ဒိုနီးရှား မိုးလေဝသဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။ မီးတောင်အစိတ်အပိုင်းတစ်ခု ပြိုကျမှုဖြစ်ပွားနိုင်သော အခြေအနေရှိကြောင်း ဂြိုလ်တု ဓာတ်ပုံများမှ ဖော်ပြသည်။
 
မီးတောင်များမှ မီးခိုးများ ဆက်လက်ထွက်လျက်ရှိသည်။
 
ပင်လယ်ကြမ်းပြင်မှ မီးတောင် သို့မဟုတ် မြေပြိုမှုကြောင့် နောက်ထပ်ဆူနာမီ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ အရာရှိများက ပြောကြားခဲ့သည်။
 
မီးတောင်လှုပ်ရှားမှုကြောင့် ပြင်းအား ၃ဒသမ၄ အဆင့် ထို့ထက်ပိုသော တုန်ခါမှုများဖြစ်ပွားချိန်တွင် ကမ်းရိုးတန်းဒေသများတွင် နေထိုင်လျက်ရှိသူများကို နေရပ်စွန့်ခွာရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့သည်။
 
ယခင်လမ်းညွှန်ချက်များအရ  ပြင်းအား ၇ အဆင့်ထက်ပိုသော တုန်ခါမှုဖြစ်ပွားမှသာ ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာရသည်။
 
မီးတောင်လှုပ်ရှားမှုက ၃ဒသမ ၄ အဆင့်ပြင်းအားသည် ဆူနာမီ ဖြစ်ပေါ်လာစေနိုင်ဖွယ်ရှိဟု ဆိုသည်။
 
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်