ဆူနာမီကြောင့် ထိခိုက်ခံစားရသူများကို ကုလသမဂ္ဂက အကူအညီပေးရန် ကမ်းလှမ်း

ဂျီနီဗာ ၂၅  ဒီဇင်ဘာ 

 

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားသော ဆူနာမီဒဏ်ကြောင့် သေဆုံးသူ ၄၀ဝ နီးပါး မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးသူရာချီ၍ ဒဏ်ရာရရှိသူ ထောင်ချီရှိနေသလို အခြေခံအဆောက်အအုံပေါင်း များစွာလည်း ပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန် အဆင်သင့်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောခဲ့သည်။

 

ယခုလို ဆူနာမီဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရသူများအတွက် အလွန် စိတ်မကောင်းဖြစ်မိကြောင်း အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။ ဆူနာမီဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် ဘန်တန်ခရိုင် ကာရီတာ ကမ်းခြေအပန်းဖြေနေရာကို သမ္မတ ဂျိုကိုဝီဒိုဒိုက ယမန်နေ့က သွားရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ထို့အတူ သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရသူများအတွက် အထူးစိတ်မကောင်းဖြစ်မိကြောင်းလည်း သမ္မတက ပြောခဲ့သည်။ ပျက်စီးနေသော ဆူနာမီ ကြိုတင်သတိပေး စနစ်အားလုံးကို ပြန်လည်စိစစ်ပြီး ပျက်စီးနေသော စနစ်များကို ပြန်လည်ပြင်ဆင်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သမ္မတက သတင်းထောက်များကို ပြောခဲ့သည်။ မီးတောင်ပေါက်ကွဲရာမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆူနာမီဒဏ် ခံစားခဲ့ရသူများကို ဘေးကင်းရာ ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းပေးထားကြောင်းလည်း သတင်းရရှိသည်။

 

အေအက်ဖ်ပီ