ဆူဒန်နိုင်ငံအနောက်ဘက် ဒါဖောနယ်မြေတွင် စစ်လေယာဉ်ပျက်ကျ ၁၈ ဦးသေဆုံး

၃ ဇန်နဝါရီ

 

ဆူဒန်နိုင်ငံ အနောက်ဘက် ဒါဖောပြည်နယ် ရှိ အဲန်ဂျီနီနာလေဆိပ်မှ ပျံတက်ပြီးမကြာမီ ဆူဒန်စစ်လေယာဉ်တစ်စင်း ယမန်နေ့က ပျက်ကျသွားခဲ့ရာ ၁၈ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

 

ယမန်နေ့ ညနေပိုင်းက အဲန်ဂျီနီနာလေဆိပ်မှပျံတက်ပြီး ငါးမိနစ်အကြာတွင် Antonov 12 လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဆူဒန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အေမာ မိုဟာမက် အယ်လ်ဟာဆန် က ပြောကြားခဲ့သည်။

 

ထိုလေယာဉ်ပျက်ကျမှုကြောင့် ကလေး ၄ ဦး အပါအဝင် နိုင်ငံသား ၈ ဦး၊ တရားသူကြီး ၃ ဦး နှင့် လေယာဉ်အမှုထမ်း ၇ ဦး တို့ သေဆုံးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

ယင်းလေယာဉ်ပျက်ကျရခြင်း၏ အကြောင်းအရင်းကို စိစစ်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို