ဆံသဆရာများ အိမ်အရောက်လိုက်လံဆောင်ရွက်မှုပေးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

ညောင်ဦး   ၇   မေ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆံပင်ညှပ်ဆိုင်များ ပိတ်ထားသော်လည်း ဆံသဆရာအများစုမှာ ပုံမှန်လာရောက် ဆံပင်ညှပ်သူများ၏ ဖိတ်ခေါ်မှုအရ အိမ်အရောက်သွားရောက် ဆံပင်ကိုက်ဖြတ်ပေးခြင်းဖြင့် ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ညောင်ဦးမြို့ ပန်းပဲကုန်းရပ်ရှိ တင့်လွင်(ဗီးနပ်စ်) ဆံသဆိုင်မှ ဆံသဆရာကတော့ အခု ဒီကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆံပင်ညှပ်ဆိုင် ပိတ်ထားရတာကြာပြီ၊ မိသားစု စားဝတ်နေရေးက ရှိနေတော့ ဘာလုပ်ရမှန်း မသိဘူး၊ ကျွန်တော် ဆံပင်ညှပ်စားလာ နှစ်(၃၀) ရှိပြီ၊ ဆိုင်မှာ ပုံမှန်လာရောက် ဆံသတဲ့ မိတ်ဆွေတွေ အများကြီးရှိတယ်၊ ဆိုင်ပိတ်ထားချိန်ကြာတော့ သူ့တိုကပဲ အိမ်အရောက်လာညှပ်ပေးပါ ဖိတ်ခေါ်တာနဲ့ အိမ်အရောက် သွားညှပ်ပေးရင်းနဲ့ အဆင်ပြေလာတာ၊ ယခင် ဆိုင်ဖွင့်ချိန်တုန်းကတော့ (အမျိုးသား) ပေါ့ တစ်ယောက် ၁၀၀ဝိ/- ကျပ်ပဲ ရတာ၊ အခု အိမ်အရောက်ဆိုတော့ ၁၅၀ဝိ/- ကျပ် ရတယ်၊ တစ်ရက် ဘယ်နှစ်ဦး ပုံမှန်လိုက်ညှပ်ရတယ်လို့တော့ မရှိဘူး၊ အဆင်ပြေပါတယ်၊ ဒီကပ်ရောဂါ မဖြစ်ပွားခင်တုန်းကလိုတော့မဟုတ်ဘဲ အိမ်အရောက်လိုက်ညှပ်ပေးသဖြင့် ရရှှိတဲ့ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း ပြောပြ၍ သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)