ဆင်းရဲမွဲတေမှုတိုက်ဖျက်မှုကြောင့် ဇနီးမောင်နှံနှစ်ဦး စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရ

နယူးဒေလီ ၁၆  အောက်တိုဘာ

စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့သည့် ဇနီးမောင်နှံသည် ဆင်းရဲသားများ၏ဘ၀ကို နားလည်ခဲ့သလို ချမ်းသာကြွယ်၀မှုနှင့် ရှုပ်ထွေးမှုများကြား ကွာဟမှုများကိုလည်း နားလည်ခဲ့ပြီး ဆင်းရဲသားများအတွက် တိုက်ပွဲဝင်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၄ ရက်က အသက် ၅၈ နှစ်ရှိ အိန္ဒိယ-အမေရိ ကန်ကပြား အဘီဂျစ် ဘန်နာဂျီးနှင့် အသက် ၄၆ နှစ်ရှိ အက်စတာ ဒူဖလိုတို့သည် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု များကိုရရှိခဲ့သည်။ ၎င်းတို့သည် စီးပွားရေးပညာရှင် မိုက်ကယ်ခရီမာနှင့်အတူ ယခုလို စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ကမ္ဘာ့ဆင်းရဲမှုတိုက်ဖျက်ရေးများကို အားသွန်ခွန်စိုက် ကြိုးစားခဲ့သည့်အတွက် ယခုလို နိုဘယ်ဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်စာရင်းများအရ လူ ပေါင်း သန်း ၇၀၀ ခန့်သည် ဆင်းရဲစွာ နေထိုင်နေရသူများဖြစ်ကြောင်း သိရသည်။

မစ္စတာ ဘာနာဂျီးနှင့် ဒူဖလိုတို့သည် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခများဖြစ်ကြသည်။ အိန္ဒိယပြည်ဖွား ဘာနာဂျီးနှင့် ပါရီမြို့ဖွား ဒူဖလိုတို့သည် မတူညီသော ကမ္ဘာ့ဒေသများမှ ဖြစ်သော်လည်း ရည်ရွယ်ချက်ချင်း တူညီကြသည်။

ကမ္ဘာ့ဆင်းရဲမှုများကို ကလေး ဘ၀ကတည်းက သိသည့်အလျောက် ၎င်းတို့နှစ်ဦးသည် အချင်းချင်း လက်မထပ်မီ ၂၀၀၃ ခုနှစ်ကတည်းက ဂျေပေါလ်ဆင်းရဲမွဲတေမှု လေ့လာရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီးနောက် ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် အတူတူလက်တွဲလုပ်ဆောင်ခဲ့သည်။

အေအက်ဖ်ပီ၊ ဘီဘီစီ