ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဖြန့်ဝေရန် ကျန်ရှိသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ဆွမ်ပရာဘွမ် ၁၂ ဇူလိုင်     

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဖြန့်ဝေရန်ကျန်ရှိသည့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ခဂရန်းယန်ကျေးရွာ အလက ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီ ယောဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ ခဂရန်းယန်အုပ်စု အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ အကြောင်းအမျိုးမျိုးကြောင့် ဖြန့်ဝေရန်ကျန်ရှိသည့် အိမ်ထောင်စုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန်အုပ်စုအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် အကြောင်းအမျိုးမျိုးကြောင့် ဖြန့်ဝေရန်ကျန်ရှိသည့် အိမ်ထောင်စု (၉) စုအား အိမ်ထောင်စု (၁)စုလျှင် ထောက်ပံ့ငွေ ၁၅၀၀ဝ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၃၅၀၀ဝ ကျပ်အား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)