ဆမ်ဆောင်းရဲ့ Galaxy Note 10 မိတ်ဆက်ပြီ

၈ သြဂုတ်

ဆမ်ဆောင်းရဲ့ Galaxy Note မှာ ဖုန်းမျက်နှာပြင်က ကြီးပြီး မိုက်ခရိုဆော့ နဲ့ ပူးပေါင်းလုပ်ဆောင်ထားတဲ့အတွက် ဖုန်းမှာပါရှိတဲ့ လုပ်ဆောင်ချက်တွေက ပိုပြီးကောင်းမွန်ကြောင်း ဗုဒ္ဓဟူးနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ 

Galaxy Note 10 ရဲ့  မျက်နှာပြင်ဟာ ၆.၃ လက်မရှိပြီး အမေရိကန်ဒေါ်လာ ၈၉၉ သို့မဟုတ် ၉၄၉ တန်ဖိုး ရှိပါတယ်။ Galaxy Note 10 plus ကတော့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၉၉ သို့မဟုတ် ၁၀၉၉ ဖြစ်ပြီး မျက်နှာပြင်ကတော့ ၆.၈ လက်မ ရှိပါတယ်။ 

ဒီဖုန်းတွေဟာ လာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ဈေးကွက်ကို 5G ဆက်သွယ်ရေးအတွက် ရောက်ရှိလာမှာဖြစ်ပါတယ်။ Galaxy Note 10 ဖုန်းတွေဟာ သင့်တော်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ Galaxy Note 10 ဖုန်းတွေမှာ S Pen ပါရှိပြီး အဲဒီ S Pen က ဖုန်းမျက်နှာပြင်မှာ ရေးသားရန်နဲ့ ထိန်းချုပ်ရန်အတွက် ဖြစ်တယ်လို့ သိရပါတယ်။ 

ဆမ်ဆောင်းကနေ ပေါ့ပါးပြီးပါးလွှာတဲ့ Galaxy notebook ကွန်ပျူတာ ကိုလည်း ဗုဒ္ဓဟူးနေ့က မိတ်ဆက်ပေးပါတယ်။ အဲဒီ Galaxy notebook မှာ မိုက်ခရိုဆော့ ဝင်းဒိုးဆော့ဝဲလ် က အဆင်သင့် ပါရှိနေတာကို တွေ့ရပါတယ်။ ဒီပစ္စည်းကတော့ ဈေးကွက်ထဲကို စက်တင်ဘာလမှာ စတင်ရောက်မှာဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၉၉ ကစမယ်လို့ ဆိုပါတယ်။

MDN
ကိုးကား - AFP